စာရေးသူ

အားလုံးမြင်နိုင်ရန်
Julie Ackerman Link

ဂျူလီ အက်ကာမန်း လင့်

ဂျူလီ အက်ကာမန်း လင့် (Julie Ackerman Link)သည် နာတာရှည်ကင်ဆာရောဂါ ခံစားရပြီးနောက် ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ဘုရားသခင်၏အိမ်တော်သို့ ပြန်သွားခဲ့သည်။ ၂၀၀၀ ခုနှစ် မှစ၍ ဆရာမသည် Our Daily Bread စာမူများကို လစဥ် ရေးသားခဲ့သည်။ သူမသည် Our Daily Bread စာဖတ်သူများ အကြိုက်များသူဖြစ်သည်။ သူမ၏ ထိုးထွင်းအမြင် ရှိသော၊ စိတ်ဓာတ် တက်ကြွစေသော စာမူများသည် ကမ္ဘာတလွှားရှိ လူသန်းပေါင်းများစွာ၏ အသက်တာကို တို့ထိခဲ့သည်။ သူမသည် Our Daily Bread Ministries ၏ အသင်းဝင်ဖြစ်သော Discovery House ပုံနှိပ်တိုက်မှ ထုတ်ဝေသော Above All, Love နှင့် A Heart for God စာအုပ်များကို ရေးသားခဲ့သည်။

စာမူ/ အကြောင်းအရာ များ ဂျူလီ အက်ကာမန်း လင့်

အသက်အရွယ်က အကြောင်းမဟုတ်ပါ

နှစ်ပေါင်း ၅၀ တိုင် ကိုယ်ပိုင် သွားဆေးခန်းဖွင့်ကာ အလုပ်လုပ်ခဲ့ပြီးနောက် ဒေ့ဗ် ဘိုးမင်း တစ်ယောက် အနားယူပြီး အေးအေးလူလူနေထိုင်ရန် စီစဉ်ထားခဲ့သည်။ တစ်ဖန် သွေးချိုဆီးချို ရောဂါနှင့် နှလုံးခွဲစိတ်ကုသမှုခံယူရပြန်သဖြင့် သူ့ဆုံးဖြတ်ချက်ကို ပိုပြီး အတည်ဖြစ်စေသည်။ သို့သော် အကူအညီ လိုအပ်နေသော ဆူဒန် စစ်ပြေးဒုက္ခသည် လူငယ်အဖွဲ့တစ်ဖွဲ့အကြောင်း ကြားသိရသောအခါ ဘ၀ကို အပြောင်းအလဲဖြစ်စေသည့် ဆုံးဖြတ်ချက် သူချခဲ့သည်။ လူငယ်ငါးဦးကို ထောက်ပံ့ပေးရန် သူသဘောတူခဲ့သည်။
ထို့ပြင် ဤဆူဒန်လူငယ်များအကြောင်းကို ဒေ့ဗ် ပိုသိလာ ရသည်။ သူတို့သည် ဆရာဝန် (သို့) သွားဆရာဝန် များနှင့် တစ်ခါမှ ဆေးမကုဖူးကြောင်း သိခဲ့ရသည်။ တစ်ဖန် အသင်းတော်၌ လူတစ်ဦးက “အင်္ဂါတစ်ခုတည်း ဆင်းရဲခြင်းကို ခံရလျှင် အင်္ဂါအပေါင်းတို့သည် အတူခံရကြ ၏´´(၁ကော ၁၂း၂၆) ဟူသော ကျမ်းချက်ကို ဝေမျှရာ၊ ထိုကျမ်းပိုဒ်…

အသံတိတ် ကူညီမစသူ

ပင်နီဆလင် ဆေးကို ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှုအသွင်
ပြောင်းခဲ့ပြီ။ ၁၉၄၀ ခုနှစ် မတိုင်မီက ဘက်တီးရီယား ကူးစက်မှုရောဂါများကြောင့်
သေကြေပျက်စီးမှု ကြီးမားခဲ့သည်။ ထိုနောက်ပိုင်းတွင် ပင်နီဆလင်ဆေးက အန္တရာယ်
ဘေးဥပါဒ် ဖြစ်စေသည့် ဘက်တီးရီယား ပိုးမွှားများကို
သတ်ပေးသောကြောင့် မရေမတွက်နိုင်အောင် အသက်ပေါင်း
များစွာကို ကယ်တင်နိုင်ခဲ့သည်။
ပင်နီဆလင်အစွမ်းထိရောက်မှုကို သိပြီး ကျယ်ပြန့်စွာ
အသုံးပြုနိုင်အောင် ဖော်ထုတ်ခဲ့သူများအား၁၉၄၅ ခုနှစ်တွင်
နိုဘယ်ဆု ချီးမြှင့်ခဲ့သည်။
ပင်နီဆလင်ကို မတွေ့ရှိမီ ရှေးယခင်ကပင်
အခြားသော အသံတိတ် သတ်ဖြတ်သူများက
ဘက်တီးရီးယား ပိုးမွှားများကို ဖျက်ဆီးကာ အသက်များကို
ကယ်တင်သည်။ ၎င်းအသံတိတ် သတ်ဖြတ်သူများမှာ သွေးဖြူဥဆဲလ်များဖြစ်သည်။
ဤလုပ်သားများသည် ကျွန်ုပ်တို့ကို ပိုးမွှားရောဂါများမှ ကာကွယ်ပေးသော ဘုရားသခင်၏
နည်းလမ်းဖြစ်သည်။ ၎င်းတို့ချေမှုန်းဆီးတားခဲ့သည့်၊ ခန္ဓာတွင်းကျူးကျော်ဝင်လာသည့်
ပိုးများ မည်မျှရှိသည်ကို မည်သူမျှ မသိနိုင်၊ အသက်ပေါင်းမည်မျှ…

မြီစား နှင့် မြီရှင်

ကျွန်မ၏ခင်ပွန်းသည် ဒေသကောလိပ်တစ်ခုတွင် စာရင်းကိုင် ဘာသာရပ်ကို သင်ကြား
ပို့ချနေချိန်၊ လေ့ကျင့်ခန်းတစ်ခုကို အပျော်သဘောဖြင့် ကျွန်မတွက်ချက်ကာ ကျွန်မမည်မျှ
နားလည်တတ်ကျွမ်းသည်ကို စမ်းသပ်ကြည့်ခဲ့သည်။ ရလဒ်က မကောင်းပါ။ အဖြေအားလုံး
မှားသည်။ ကျွန်မက ဘဏ်လုပ်ငန်း အယူအဆကို နားလည်
မှားသွား၍ မြီစား(ရရန်ရှိငွေ)နှင့် မြီရှင်(ပေးရန်ရှိငွေ)ကို ခွဲခြား
ရာ၌ ပြောင်းပြန်ရေးသွင်းမိခြင်းကြောင့်ဖြစ်သည်။
ကျွန်မတို့၏ ၀ိညာဉ်ရေးတွင်လည်း `ရရန်ရှိခြင်း´နှင့်
`ပေးရန်ရှိခြင်း´ သဘောများ ရှုပ်ထွေးမှားယွင်းတတ်သည်။
ရာသီဥတုဆိုးဝါးခြင်း၊ ပုံနှိပ်ပရင်တာ၌ စက္ကူညှပ်သွားခြင်း၊
ငွေကြေးပြဿနာ ကြုံရခြင်းစသည်ဖြင့် တစ်ခုခုမှားခြင်း
အတွက် စာတန်ကို ကျွန်မတို့ အပြစ်တင်ပါက စာတန်သည်
ကျွန်မတို့ဘ၀ အရည်အသွေးအပေါ် ဆုံးဖြတ်ချယ်လှယ်ရန်
စာတန်အား အခွင့်ပေးသကဲ့သို့ ဖြစ်သွားသည်။ စင်စစ်
စာတန်သည် ထိုသို့ပြုရန် မထိုက်တန်၊ စာတန်၌ ထိုအခွင့်
မရှိပါ။ စာတန်၏လုပ်ပိုင်ခွင့်သည် ကာလနှင့်ဒေသအလိုက် အကန့်အသတ်ရှိသည်။
ကျွန်ုပ်တို့ကို…

ဘယ်သူ့အမှိုက်လဲ

‘‘ကိုယ့်အမှိုက်ကိုတောင် ကိုယ်မယူသွားနိုင်ကြဘူးလား။ ကမ်းခြေမှာ အမှိုက်ပစ်ထား
ခဲ့ရတာ တော်တော်ပျော်နေတယ် ဟုတ်လား။ ဒီလူတွေက ကမ္ဘာလှည့် ခရီးသည်တွေပဲ
ဖြစ်မယ်။ ကျွန်မတို့ ဒေသခံလူတွေတော့ ကိုယ့်ကမ်းခြေကို မရိုမသေ၊ မလေးမစားတော့
မလုပ်တန်ကောင်းပါဘူး’’ ဟု ကမ်းခြေမှ ဘူးခွံအမှိုက်များကို ကောက်ပြီး ပေ ၂၀ အကွာရှိ
အမှိုက်ပုံးထဲသို့ သွားပစ်ထည့်ရင်း ခင်ပွန်းသည် ဂျေး ကို ကျွန်မညည်းပြီး ပြောမိသည်။
နောက်နေ့ မနက်ရောက်သော် ယခင်နှစ်များက
ကျွန်မကိုယ်တိုင်ရေးခဲ့သည့် သူတစ်ပါးကိုဝေဖန်ခြင်း
အကြောင်း ဆုတောင်းလေးကို ပြန်ဖတ်မိသည်။ သူတစ်ပါး၏
အမှိုက်ကို ရှင်းလင်းပေးခဲ့ရ၍ ဂုဏ်ယူနေသည့် ကျွန်မ၏
ဝါကြွားစိတ်သည် မှားယွင်းနေကြောင်း ကိုယ့်စာသားများက
ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးသည်။ စင်စစ် ကျွန်မကိုယ်၌
ကျွန်မ လျစ်လျူရှု ဥပက္ခာပြုထားသည့် အမှိုက်များရှိသည်။
အထူးသဖြင့် ၀ိညာဉ်ရေးနှင့်ပတ်သက်သော အမှိုက်များ
ဖြစ်သည်။
ကျွန်မ…

ကန္တာရအရပ်များ

ခြောက်သွေ့ဖုန်ထူပြီး အန္တရာယ်များသော နေရာမှာ ကန္တာရဖြစ်သည်။ ရေက မရှိ
သလောက်ဖြစ်ပြီး အသက်တစ်ခုရှင်သန်ရန် မလွယ်။ ထို့ကြောင့် ကန္တာရဟုဆိုလျှင်
နေထိုင်၍ မရသောအရပ်ဟု ဆိုလိုသည်။ ထိုအရပ်၌ နေရလျှင် ဘ၀ခက်ခဲသည်။
ထိုအရပ်၌နေရန် ရွေးချယ်မည့်သူမရှိ။ သို့သော် ရံဖန်ရံခါ၌ ရှောင်ကွင်း၍ မရပါ။
ကျမ်းစာ၌ ဘုရားသခင်၏လူများသည် ကန္တာရ၌
ကျင်လည်ရသည့် ဘ၀မျိုးနှင့် ကျွမ်းဝင်အသားကျသည်။
ဣသရေလပြည် အပါအ၀င် အရှေ့အလယ်ပိုင်းဒေသ
အတော်များများသည် ကန္တာရမြေဖြစ်သည်။ ချွင်းချက်
အနေဖြင့် ယော်ဒန်မြစ်ဝှမ်း နှင့် ဂါလိလဲပင်လယ်ဝန်းကျင်အနီး
မြေဧရိယာများမှာမူ စိမ်းလန်းစိုပြည်သည်။ ဘုရားသခင်သည်
‘‘သူ့မိသားစု လူမျိုးတော်’’ကို ပျိုးထောင်ရန် ကန္တာရ၀ိုင်းနေ
သည့်အရပ်ကို ရွေးချယ်ခဲ့သည်။ ထိုနေရာအရပ်တွင်
ဘုရားသခင်သည် သူ၏ကွယ်ကာမှု၊ နေ့စဉ် ကျွေးမွေးပြုစုမှုကို စိတ်ချမျှော်လင့်သည့်
သူ့သားသမီးများအား သူ၏ကောင်းမြတ်ခြင်းကို မြည်းစမ်းသိရအောင် ကိုယ်တော်
လုပ်ဆောင်ပေးမည် (ဟေရှာ…

သင့်လက်ကို မြှောက်ပြပါ။

မင်နီဆိုးတာ ပြည်နယ် နော့သ် ဖီး မြို့မှ စိန့် အောလက်ဖ် အသင်းတော် သံစုံ(Choir) သည်

သာယာနာပျော်ဖွယ် ကောင်းစွာ သီဆိုမှုကြောင့် ကျော်ကြားသည်။ ထိုသို့ ထူးကဲ သာလွန်
ရသည့် အကြောင်းရင်းတစ်ခုမှာ သီဆိုမည့်သူများကို ရွေးချယ်သည့် နည်းစနစ်ကြောင့်
ဖြစ်သည်။ ပါဝင်သူများသည် သီချင်းကောင်းစွာသီဆိုနိုင်ခြင်းသာမက သံစုံအဖွဲ့
အတွက် မည်မျှအားထားရသည် ဆိုသည့်အချက်ကို
အခြေခံ၍ အရွေးခံရသည်။ အခြားအကြောင်းရင်းတစ်ခုမှာ
အဖွဲ့ဝင်အားလုံးသည် သံစုံသီဆိုမှုကို ပထမဦးစားပေးအဖြစ်
ထားရှိရန် သဘောတူကြပြီး အစမ်းလေ့ကျင့်ခြင်းနှင့်
တင်ဆက်မှုအစီအစဉ်အတွက် အားသွန်ခွန်စိုက် လုပ်ဆောင်
ရန် ဆက်ကပ်အပ်နှံထားကြသည်။
ထိုသံစုံအဖွဲ့၏ အစမ်းလေ့ကျင့်မှု၌ ကျွန်မကို
အဆွဲဆောင်ဆုံး အရာတစ်ခုရှိသည်။ အဖွဲ့ဝင်များသည်
အမှားလုပ်မိတိုင်း လက်မြှောက်ပြကြသည်။ အမှားကို ဖုံးကွယ်
ခြင်းထက် ထိုအမှားကို အာရုံစိုက်ကြသည်။ ထိုကြောင့်
အဖွဲ့ခေါင်းဆောင်အနေဖြင့် သီဆိုသူတစ်ဦးချင်းစီအား
အခက်ဆုံးအပိုင်းကို…

အသစ်ပြောင်းလဲခြင်း

ကျွန်မတို့ဇနီးမောင်နှံသည် ခရီးမထွက်မီ ဘဏ်သို့သွား၍ အမေရိကန်ဒေါ်လာငွေများကို ကျွန်မတို့ သွားရောက်လည်ပတ်မည့်နိုင်ငံသုံး ငွေနှင့် လဲလှယ်ခဲ့သည်။ ကျွန်မတို့ခရီးသွားစဉ် အသုံး စရိတ်များကို ပေးချေနိုင်ရန် ဤသို့ပြုလုပ်ရခြင်းဖြစ်သည်။

ကျွန်မတို့ခရစ်ယာန်ဖြစ်လာသောအခါ ဖလှယ်မှုတစ်မျိုး ဖြစ်ပေါ်လာသည်။ ကျွန်မတို့၏ ဘ၀သည် ပြောင်းလဲ ဖလှယ်လိုက်သော ငွေစက္ကူနှင့် သဏ္ဌာန်တူပါ၏။ ဘ၀ဟောင်းကို ဘ၀ အသစ်တစ်ခုနှင့် လဲလှယ်လိုက်ခြင်းဖြင့် အခြားနိုင်ငံတစ်နိုင်ငံ၌ မိမိအသက်တာကို စတင်“အသုံးခံ” နိုင်မည်။ ဤကမ္ဘာလောကရှိ အမှုအရေးများအတွက် မိမိကိုယ်ကို အသုံးခံမည့်အစား၊ ခရစ်တော်၏ အမှုအရေးကိစ္စအတွက် စတင်ပြီး အသုံးခံနိုင်ပြီ။

တမန်တော်ရှင်ပေါလု၏အသက်တာမှာ ဤခြားနားချက်ကို ပြသသည့် စံနမူနာကောင်းပါ။ ဒမသက်မြို့သို့သွားသောလမ်း၌ အံ့သြဖွယ် အသက်တာပြောင်းလဲပြီးနောက်ပိုင်း (တ ၉)၊ သူ့ အသက်တာကို ထူးထူးခြားခြား အံ့သြဖွယ် စတင်အသုံးခံခဲ့သည်။ ခရစ်ယာန်များကို ထောင်သွင်း အကျဉ်းချရန်၊ သတ်ဖြတ်ရန် လိုက်လံဖမ်းဆီးခြင်းထက်၊ ခရစ်ယာန်မဟုတ်သူများကို ပြောင်းလဲပေး ရန်…

အဝေးကြည့် အနီးကြည့်

ကောင်းမွန်သောမျက်လုံးများရှိရုံနှင့် ကြည်လင်ပြတ်သားစွာမြင်နိုင်ရန် မလုံလောက်ပါ။ ထိုအရာကို အတွေ့အကြုံအရ နားလည်ခဲ့ရသည်။ မျက်စိအာရုံခံအလွှာပျက်စီးသွားသဖြင့် ခွဲစိတ် ကုသခဲ့ပြီးနောက် မျက်လုံးနှစ်လုံးစလုံး ကောင်းမွန်စွာမြင်ရသော်လည်း တစ်ဖက်နှင့်တစ်ဖက် အမြင်မတူတော့ပေ။ မျက်လုံးတစ်ဖက်က အဝေးမြင်ဖြစ်ပြီး တစ်ဖက်ကမူ အနီးမှ အရာဝတ္ထုကို မြင်ရသည်။ ဤအမြင်နှစ်ခုကို ညှိမရပြီ။ နောက် ၃ လအကြာ ဆေးမျက်မှန်သစ် တပ်ဆင်မှ အဆင် ပြေသွားတော့သည်။ ထိုသုံးလမတိုင်မီက မျက်လုံးအိမ်က ဆုံးချက်မမိဘဲ ရှိနေခဲ့သည်။

ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏အမြင်လည်း ထိုကဲ့သို့ဖြစ်ပျက်နေသည်။ ယုံကြည်သူအချို့ က ဘုရားသခင်ကို နီးကပ်စွာမြင်သည်။ ကိုယ်တော်ကိုသူတို့၏နေ့စဉ်အသက်တာတွင် ရင်းရင်း နှီးနှီး သိကျွမ်းသည်။ အခြားသောယုံကြည်သူများက ဘုရားသခင်ကို အတိုင်းအတာအလွန် တွေ့မြင်သည်။ ကိုယ်တော်သည် ဘုန်းတန်ခိုးအာနုဘော်တော်နှင့် စကြ၀ဠာ၌ အစိုးရလျက် လူတို့ တွေးခေါ်နားလည်နိုင်စွမ်းထက် သာလွန်ကြောင်း ရှင်းလင်းစွာမြင်ကြသည်။

မည်သည့်အမြင်က သာ၍ကောင်းသည်ကို အငြင်းပွားနေကြရာ၊ သမ္မာကျမ်းစာသည် ဆေး…

အကျွန်ုပ်ရှိပါ၏

ဂရေးသည် တရားသူကြီးရှေ့မှောက် သူ့အမှုကို လျှောက်ထားရမည့်အလှည့်ကို တရားရုံး ထဲ၌ စောင့်ဆိုင်းရင်း သူ့ရှေ့မှ နေစရာ ဘုံပျောက်နေသူ လူများ၏၀မ်းနည်းဖွယ်ရာဇာတ်လမ်းကို တစ်ပုဒ်ပြီးတစ်ပုဒ်ကြားသိရသည်။ လူအတော်များများက လုပ်ဆောင်စရာများကို တစ်ဆင့်ပြီး တစ်ဆင့် သူတို့နှင့်အကျွမ်းဝင်နေသည့်ပမာ လုပ်သွားသည်။ သို့သော် လက်စ်လီဆိုသည့် အမျိုး သမီးမှာမူ ယောင်ဝါးဝါးဖြစ်နေသည်။ သူဘာလုပ်ရမည်၊ ဘယ်သွားရမည်ကို ရေရေရာရာမသိ ကြောင်း ဂရေးသိနေသည်။

သူမအား အကူအညီပေးရန် သူ့စိတ်ထဲမှ ဖြစ်ပေါ်လာသော လှုံ့ဆော်ချက်ကို ပျောက်ပျက် သွားအောင် ဂရေး ဖယ်ထုတ်ဖိနှိပ်သော်လည်းမရ၊ သွား၍ မပတ်သက်ရန် အကြောင်းအမျိုးမျိုး တွေးတောနေမိသည်။ (၁) သူစိမ်းသူရံနှင့် သူစကားပြောရန် အားမသန်ပါ။ (၂) သူ့ကို အထင် အမြင် လွဲမှားမည်ကို စိုးရိမ်သည်။ သို့သော် ဤနှိုးဆော်ချက်သည် ဘုရားသခင်ထံမှဖြစ်ကြောင်း အတွေးဝင်ရောက်လာသောအခါ မငြင်းဆန်ရဲ၊ မနာခံသူ မဖြစ်လိုပေ။

လက်စ်လီ တရားရုံးတော်မှ…

အရာရာတိုင်း လှပနေသည်

အောက်ခံ ခရမ်းရောင်နှင့် လိမ္မော်ရောင် တွဲဖက်ကာ အနက်ရောင် ဇာအတွန့်သဏ္ဌာန် လှပ သော ဒီဇိုင်းက ကျွန်မ၏အာရုံကို ဖမ်းစားသဖြင့် ရှုပ်ထွေးနုရွနေသည့် ထိုဒီဇိုင်းကို အင်မတန်တော် သည့် အနုပညာရှင်ကြီးက ဖန်တီးခြင်းဖြစ်မည်ဟု ကျွန်မထင်မိလိုက်သည်။ သို့သော် ဓာတ်ပုံကို အနီးကပ်ကြည့်သော် လှပသော ထိုဒီဇိုင်းကို ဖန်တီးသည့် ပညာရှင်ကို ဓာတ်ပုံ ထောင့်တစ်နေရာ၌ တွေ့လိုက်ရပါသည်။ အနုပညာဖန်တီးရှင်က ပိုးကောင်လေးတစ်ကောင်ဖြစ်ပြီး လှပသောဒီဇိုင်းမှာ ၄င်းစားထားသည့် သစ်ရွက်များပင်ဖြစ်သည်။ လှပသည်ဟုဆိုရာ၌ ပိုးစားထားသောသစ်ရွက်များကို မဆိုလိုပါ။ ထိုသစ်ရွက်ရှိ ပိုးပေါက်ကြားမှ ဖြတ်ထွက်လာသည့် အလင်းတန်းများက လှပသော ဒီဇိုင်းကို ဖြစ်စေသည်။

ဓာတ်ပုံကိုကြည့်ရင်း အပြစ်ပိုးကောင် ကိုက်စားသည့်အသက်တာများအကြောင်း စဉ်းစားမိ သည်။ ရလဒ်က အလွန်ဆိုးဝါးပါသည်။ ပျက်စီးစေပါသည်။ မိမိ၏မှားယွင်းသောရွေးချယ်မှု၊ အခြား သူများ၏ မှားယွင်းသောရွေးချယ်မှုများ၏ အကျိုးဆက်ကို ကျွန်မတို့ခံစားရသည်။ ကျွန်မတို့သည် အပြစ်ဒုစရိုက်၏သားကောင်များပင်။

သို့သော်…